Flutter App တွေမှာ Multi-language Support ထည့်တဲ့အခါ များသောအားဖြင့် Excel File နဲ့ ရတတ်ပါတယ်။
ဒါပေမယ့် Flutter Localization မှာတော့ ARB File လိုအပ်ပါတယ်။ Excel ထဲကစာတွေကို ARB အဖြစ် တစ်ခုချင်းပြောင်းရတာကလည်း အချိန်ကုန်တတ်ပါတယ်။
အဲ့ဒီအတွက် ကျွန်တော်ကရေးထားတဲ့”excel_to_arb” ဆိုတဲ့ Tool လေးတစ်ခုကို ဒီတစ်ပတ် Package of the Week အနေနဲ့ မျှဝေပေးချင်ပါတယ်။
🔗 pub.dev: https://pub.dev/packages/excel_to_arb
ဒီ Tool လေးနဲ့ဆိုရင် –
• Excel ကနေ ARB ပြောင်းနိုင်တယ်
Excel File ကို Flutter Localization မှာသုံးလို့ရတဲ့ ARB File အဖြစ် ပြောင်းပေးနိုင်ပါတယ်။
• Placeholder တွေလည်း Support ပေးတယ်
“Hello {name}” လို Dynamic စာသားတွေ ပါနေရင်လည်း Placeholder တွေ သတ်မှတ်ပြီး ARB ထဲကို ထည့်နိုင်ပါတယ်။
• Description ထည့်လို့ရတယ်
စာသားတစ်ခုချင်းစီရဲ့ အဓိပ္ပာယ် ဒါမှမဟုတ် အသုံးပြုမယ့်နေရာကို Description အနေနဲ့ ထည့်ထားလို့ရပါတယ်။
• Command Line ကနေ ရိုးရိုးလေး သုံးနိုင်တယ်
dart pub global activate excel_to_arb
ဒီ Tool က Excel ကို ARB ပြောင်းပေးတာပါ။ ARB File ရလာပြီးရင်တော့ ပုံမှန် Flutter Localization Workflow အတိုင်း “flutter gen-l10n” နဲ့ Dart Code ကို Generate လုပ်နိုင်ပါတယ်။
Translator တွေနဲ့ အလုပ်လုပ်ရင်း Excel ကနေ Localization Data တွေ လက်ခံရတဲ့ Flutter Developer တွေအတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။
