Flutter မှာ ကျွန်တော်တို့က Dart Code ရေးကြပါတယ်။
ဥပမာ –
Text('Hello Flutter')
Development အချိန်မှာ Hot Reload နဲ့ Run လို့ရပေမယ့် Release Build လုပ်လိုက်တဲ့အခါ Dart Source Code ကို ဒီအတိုင်း APK ထဲထည့်ထားတာမဟုတ်တော့ပါဘူး။
Dart Code ကို AOT (Ahead Of Time) Compile လုပ်ပြီး Native Machine Code/Data ပုံစံပြောင်းသွားပါတယ်။
အကြမ်းဖျင်းဆိုရင်—
Dart Code
↓
AOT Compilation
↓
libapp.so
လို့ နားလည်ထားလို့ရပါတယ်။
.so ဆိုတာ Shared Object ဖြစ်ပြီး Linux/Android ရဲ့ Native Library File Format တစ်မျိုးပါ။ Windows ရဲ့ .dll နဲ့ Concept တူတယ်လို့ Beginner အနေနဲ့ မှတ်ထားလို့ရပါတယ်။
ဒါဆို libapp.so နဲ့ libflutter.so က ဘာကွာလဲ?
– libapp.so → ကိုယ်ရေးထားတဲ့ Flutter/Dart Application Code ကို AOT Compile လုပ်ထားတဲ့ Artifact
– libflutter.so → Flutter Engine ဘက်က Native Library
ဥပမာ App ထဲမှာ
Text('VERSION A')
ကို
Text('VERSION B')
လို့ပြောင်းပြီး Release Build နှစ်ခါလုပ်မယ်ဆိုရင် libapp.so ရဲ့ SHA-256 Hash က မတူတော့နိုင်ပါတယ်။
ဒါက Dart Application Code ပြောင်းသွားတဲ့အတွက် Compiled Output လည်း ပြောင်းသွားတာပါ။
libapp.so ကို နားလည်ထားရင် Flutter Development အပြင်—
– Flutter Internals
– AOT Compilation
– Android APK Structure
– Reverse Engineering
– Mobile App Security
– Binary Analysis
စတဲ့ Topic တွေကို ဆက်လေ့လာတဲ့အခါလည်း အခြေခံကောင်းလာပါတယ်။
အတိုချုပ်ပြောရရင်—
Dart Code
↓
AOT Compile
↓
libapp.so
လို့ မှတ်ထားလို့ရပါတယ်။
