AI Model တွေရဲ့ Reasoning Capability ပိုကောင်းလာပြီး AI Harness တွေကလည်း Tool Calling, MCP Integration, Sandbox Testing နဲ့ Context Management တွေကို စီမံနိုင်လာတဲ့အခါ အရင်လို Prompting Techniques တွေက အရေးပါသေးလားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။
အရင်က AI ကို Task တစ်ခုခိုင်းချင်ရင် Role သတ်မှတ်ပေးရတယ်။ Examples တွေပေးရတယ်။ Step-by-step Instructions တွေရေးပေးရတယ်။ Zero-shot, One-shot, Few-shot, Chain-of-Thought စတဲ့ Techniques တွေကိုလည်း အသုံးပြုကြရပါတယ်။
အခုတော့ Coding Agent တစ်ခုကို “Investigate and fix this bug. Run tests to verify the fix.” လို့ ပြောရုံနဲ့ Repository ကို Inspect လုပ်တာ၊ Root Cause ရှာတာ၊ Code ပြင်တာ၊ Tests Run တာတွေကို ကိုယ်တိုင်လုပ်ဆောင်နိုင်လာပါတယ်။
ဒါပေမယ့် ဒီနေရာမှာ Model Reasoning နဲ့ AI Harness ကို ခွဲမြင်ဖို့ လိုလာပါတယ်။
Model က User ရဲ့ Intention ကို Interpret လုပ်တယ်။ Reasoning လုပ်တယ်။ ဘာလုပ်သင့်လဲဆိုတာ ဆုံးဖြတ်တယ်။
Harness ကတော့ Model အလုပ်လုပ်ဖို့လိုအပ်တဲ့ Context, Tools, Permissions နဲ့ Execution Environment တွေကို စီမံပေးပါတယ်။
Model တစ်ခုတည်းဖြစ်နေပေမယ့် Repository Access, Documentation, Runtime Logs နဲ့ Testing Environment ရှိခြင်းမရှိခြင်းအပေါ်မူတည်ပြီး Result က ကွာခြားနိုင်ပါတယ်။
ဒါကြောင့် Model Intelligence ကောင်းခြင်းနဲ့ Agent တစ်ခုလုံးရဲ့ Capability ကောင်းခြင်းဟာ တူညီတဲ့အရာတော့ မဟုတ်ပါဘူး။
နောက်ထပ် စဉ်းစားစရာက AI Model တွေ Reasoning ပိုကောင်းလာပေမယ့် User တကယ်ဘာလိုချင်နေလဲဆိုတာ အလိုအလျောက် အမြဲသိနိုင်တာ မဟုတ်ပါဘူး။
User က “Build me a modern website.” လို့ ပြောလိုက်ရင် Modern ဆိုတာ ဘယ်လို Design မျိုးလဲ၊ ဘယ် Audience အတွက်လဲ၊ ဘယ် Features တွေလိုအပ်လဲဆိုတာတွေက မရှင်းလင်းသေးပါဘူး။
ဒါကြောင့် User ရဲ့ Requirements, Preferences နဲ့ Constraints တွေကို ရှင်းရှင်းလင်းလင်း သတ်မှတ်ထားဖို့ လိုအပ်နေဦးမှာပါ။
ဒါပေမယ့် User တိုင်းမှာ အစကတည်းက Specification အပြည့်အစုံရှိနေဖို့တော့ မလိုပါဘူး။
တစ်ခါတလေ Raw Idea တစ်ခုပဲ ရှိနိုင်ပါတယ်။ အဲ့ဒီအချိန်မှာ AI နဲ့ Discussion လုပ်မယ်။ Requirements တွေဖော်ထုတ်မယ်။ Constraints နဲ့ Trade-offs တွေကို ဆွေးနွေးမယ်။ အဲ့ဒီကနေ Actionable Specification တစ်ခု တည်ဆောက်နိုင်ပါတယ်။
Specification ရလာတဲ့အခါ AI Agent က လိုအပ်တဲ့ Tools နဲ့ MCP Servers တွေကို အသုံးပြုပြီး Implementation ဆက်လုပ်နိုင်ပါတယ်။
ဒီနေရာမှာ Human-in-the-Loop ကလည်း အရေးပါနေဦးမှာပါ။
Agent က Files တွေဖတ်တာ၊ Tests Run တာမျိုးကို Autonomous လုပ်နိုင်ပေမယ့် Production Deployment, Sensitive Data Access နဲ့ Irreversible Actions တွေအတွက် Human Approval လိုနိုင်ပါတယ်။
ဒါပေမယ့် Action တိုင်း Approval တောင်းနေရင်လည်း Approval Fatigue ဖြစ်လာနိုင်တာကြောင့် Risk Level, Permission Scope နဲ့ Reversibility ပေါ်မူတည်ပြီး Control လုပ်နိုင်ဖို့ လိုပါတယ်။
ဒီအချက်တွေကို ပြန်ကြည့်ရင် AI ပိုတော်လာတာနဲ့ Prompt Engineering ပျောက်ကွယ်သွားတာ မဟုတ်ပါဘူး။ သူ့ရဲ့ Role ကပဲ ပြောင်းလဲလာတာပါ။
အရင်က AI ကို ဘယ်လိုလုပ်ရမလဲဆိုတာ အသေးစိတ်ညွှန်ကြားဖို့ အာရုံစိုက်ခဲ့ကြတယ်။ အခုတော့ ဘာကိုရရှိချင်သလဲ၊ ဘယ် Constraints တွေရှိသလဲ၊ ဘယ်လို Result ကို Success လို့ သတ်မှတ်မလဲဆိုတာတွေက ပိုအရေးပါလာပါတယ်။
အဲ့ဒါကြောင့် One-shot, Few-shot နဲ့ တခြား Prompting Techniques တွေကလည်း သင့်တော်တဲ့ Tasks တွေမှာ အသုံးဝင်နေဦးမှာပါ။ ဒါပေမယ့် Context Engineering, Specification Engineering, Harness Design နဲ့ Evaluation တွေက ပိုအရေးပါလာနိုင်ပါတယ်။
နောက်ဆုံးမှာ AI ကို Prompt ဘယ်လောက်ကောင်းကောင်းရေးပေးနိုင်သလဲဆိုတာထက် Model ကို မှန်ကန်တဲ့ Context နဲ့ Environment ပေးနိုင်သလား , User ရဲ့ Intention ကို Actionable Specification အဖြစ် ပြောင်းလဲနိုင်သလား , Result ကို ဘယ်လို Verify လုပ်နိုင်သလဲဆိုတာတွေက ပိုအရေးကြီးလာနိုင်ပါတယ်။
